ကျွန်ုပ်တို့၏ကိုယ်ရေးအချက်အလက်မူဝါဒအပြည့်အစုံ
ကျွန်ုပ်တို့ စုဆောင်းတဲ့အချက်အလက်မျိုးတွေက အကောင့်မှတ်ပုံတင်ချိန်မှာ သင်ထည့်သွင်းတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်၊ အမည်နဲ့ KBZPay၊ WavePay သို့မဟုတ် AYA Pay ကတစ်ဆင့် ငွေလွှဲတဲ့အခါ ဖြစ်ပေါ်လာတဲ့ ငွေပေးချေမှုမှတ်တမ်းတွေ ပါဝင်ပါတယ်။ ဒီဒေတာတွေကို သင့်အကောင့် လုံခြုံရေးအတွက်၊ ငွေသွင်းငွေထုတ်လုပ်ငန်းစဉ် အတည်ပြုဖို့အတွက်၊ ပြဿနာတစ်ခုခုရှိရင် ကူညီဖြေရှင်းပေးဖို့အတွက် အသုံးပြုပါတယ်။ တတိယပါတီတစ်ခုခုကို သင့်ခွင့်ပြုချက်မပါဘဲ ဒေတာမျှဝေခြင်း မပြုလုပ်ပါ။ ငွေပေးချေမှုဆိုင်ရာ ဒေတာကို encrypted ပုံစံဖြင့်သာ သိမ်းဆည်းထားပြီး၊ လိုအပ်တဲ့ဝန်ထမ်းအနည်းငယ်သာ ဝင်ရောက်ကြည့်ရှုခွင့်ရှိပါတယ်။ အကောင့်ဖျက်သိမ်းလိုပါက ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုအဖွဲ့ကို ဆက်သွယ်ပြီး တောင်းဆိုနိုင်ပါတယ်။ တောင်းဆိုချက်ရရှိပြီးနောက် ဥပဒေအရ သိမ်းဆည်းရန်မလိုအပ်တဲ့ ဒေတာအားလုံးကို ဖျက်ပေးပါတယ်။
-
1
သင့်ဒေတာကို မြန်မာနိုင်ငံရှိ ဒေသဆိုင်ရာဥပဒေလိုအပ်ချက်နဲ့ ကိုက်ညီအောင် ကိုင်တွယ်ပါတယ်။ ဝင်ရောက်ခွင့်နှင့်တရားဝင်အသုံးပြုခွင့်ရှိမှုသည် သင့်ဒေသဆိုင်ရာဥပဒေပေါ်မူတည်ပါသည်။ cookies အသုံးပြုမှုဆိုင်ရာ အသေးစိတ်ကိုလည်း ဒီမူဝါဒထဲမှာ ထည့်သွင်းဖော်ပြထားပြီး သင့်ဘရောင်ဇာ ဆက်တင်ကနေ စီမံခန့်ခွဲနိုင်ပါတယ်။
ဝန်ဆောင်မှုရရှိနိုင်မှုသည် တိုင်းဒေသဆိုင်ရာဥပဒေပေါ်မူတည်သည်။ အသုံးပြုသူသည် ဥပဒေစစ်ဆေးရန်တာဝန်ရှိသည်။